Your Cart
Loading

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 'ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း' -e-Book -2.99$

On Sale
$2.99
Pay what you want: (minimum $2.99)
$
Added to cart

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 'ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း' ထွက်ပြီ

(မိုးမခ) မတ််၂၇၊ ၂၀၂၀


အတွေးအမြင်မဂ္ဂဇင်းမှာ လစဉ်ဘာသာပြန်အခန်းဆက်တက်ဆက်ခဲ့ပြီး မိုးမခအွန်လိုင်းမှာလည်း အပတ်စဉ် မျှဝေခဲ့တဲ့ အနောက်နိုင်ငံစာအုပ်စင်များမှာ လူပြောများတဲ့ စာအုပ် - How Democracies Die - ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်း - စာအုပ် ထွက်ပါပြီ။


ကိုဗစ်၁၉ ကိုက်ခဲနေတဲ့ ကမ္ဘာမှာ ပိုပြီးမွန်းကြပ်သွားစေမယ့် ဒီမိုကရေစီစနစ်များ ကျဆုံးရခြင်းအကြောင်းကို ဖတ်ဖို့ အများကြီး မတိုက်တွန်းချင်ပါဘူး။ သို့သော် အမေရိကန်က အနောက်ဒီမိုကရေစီစနစ်ကို စိန်ခေါ်နေတဲ့ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်လက်ထက်မှာ အနောက်ပြည်က ဒီမိုကရေစီစနစ်တွေ ကျဆုံးနေပြီလား ဆိုတာကို အချိန်မီီ သိရှိ အကဲဖြတ် စဉ်းစားခန်းဝင်နိုင်ဖို့ သည်စာအုပ်က အကူအညီပေးနိုင်ပါလိမ့်မယ်။


ခေတ်ဆိုးခေတ်ကြပ်တိုင်းမှာ ခေါင်းဆောင်ကောင်းတွေ ခေါင်းဆောင်ဆိုးတွေ ထွက်ပေါ်မြဲဖြစ်ပါတယ်။ အခုမျက်မှောက်က ခေတ်ဆိုးခေတ်ကြပ်ဖြစ်နေပြီလား၊ ခေါင်းဆောင်ကောင်းတွေက ရှေ့တန်းထွက်လာသလား၊ ခေါင်းဆောင်ဆိုးတွေက ခေတ်စားနေကြသလား။ ဆင်ခြင်ကြည့်ကြရအောင်ပါ။

You will get a PDF (3MB) file