Your Cart
Loading

Maung Swan Yi - San & Suu Poems for Suu 78 Birthday - e-book 2.99$

On Sale
$2.99
$2.99
Added to cart

မောင်စွမ်းရည်၏ ဆန်းနဲ့စု ကဗျာစု - ဒေါ်အောင်ဆန်းစုကြည် ၇၈နှစ်ပြည့်မွေးနေ့ အမှတ်တရ ထွက်

(မိုးမခ) ဇွန် ၉၊ ၂၀၂၃


မိုးမခမီဒီယာ၏ နာယကတဦးလဲဖြစ်၊ မြန်မာကဗျာဆရာနဲ့ ဝေဖန်ရေးဆရာတဦးအဖြစ် ထင်ရှားတဲ့ မောင်စွမ်းရည်၏ ဆန်းနဲ့စု ကဗျာစု စာအုပ်ကို မိုးမခက ထုတ်ဝေလိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတို့၏ မတရား ထောင်သွင်းအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ၇၈ နှစ်မြောက် ဇွန် ၁၉ နေ့ အတွက် အမှတ်တရထုတ်ဝေတာ ဖြစ်ပါတယ်။


ကဗျာ ၃၁ ပုဒ်၊ စာမျက်နှာ ၆၀၊ ဘခင် ဦးအောင်ဆန်း၊ သမီး အောင်ဆန်းစုကြည်ကို ရည်စူးတဲ့ ကဗျာတွေအပြင်၊ ဦးအောင်ဆန်း၏ ခေတ်ပြိုင် စာပေနဲ့ နိုင်ငံရေးမိတ်ဆွေတွေ ဖြစ်တဲ့ သခင်ဗဟိန်း၊ သခင်အုန်းမြင့်၊ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ဗိုလ်မှူးချစ်ကောင်းတို့ကို ဂုဏ်ပြုတဲ့ကဗျာအချို့လဲ ပါဝင်ပါတယ်။


ကွယ်လွန်သူ ကဗျာဆရာတင်မိုးနဲ့ မောင်စွမ်းရည်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှု တည်ကြည်မှု နဲ့ ဦးဆောင်မှုများကို အမြဲတမ်း ကဗျာများ ရေးစပ်ပြီး ဂုဏ်ပြုကြလေ့ရှိပါတယ်။ ၁၉၈၈ အရေးတော်ပုံကစတင်ပြီး လူထုခေါင်းဆောင်အဖြစ် ရပ်တည်ချိန်၊ အကျဉ်းချဖမ်းဆီးခံရချိန်များနဲ့ လွတ်လပ်စွာ ပြည်သူ့ရှေ့က ခေါင်းဆောင်အုပ်ချုပ်ချိန်များ အတက်အကျတိုင်း တောက်လျောက်မှာ သူတို့ စာဆို ၂ ဦးက ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲမပြတ် ကဗျာစပ်ဆို တင်ဆက်ကြလေ့ရှိတာကလည်း အမှတ်တရလို့ ဆိုရပါမယ်။

You will get a PDF (13MB) file