ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ ၂၀၁၁ ခုနှစ် အမှတ်တရစာအုပ်
မိုးမခမီဒီယာက ၂၀၁၁ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာစဉ် ၆၆ နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရအဖြစ် ပြည်တွင်း ပြည်ပက စာရေးဆရာများ စုစည်းပြီး မွေးနေ့အမှတ်တရ စာအုပ်လေး ထုတ်ဝေခဲ့ခြင်း ပြန်လည် ဖော်ပြလိုက်ပါတယ်။
ဦးဝင်းတင်၊ ဇေယျာသော်၊ ဦးဝင်းထိန် နဲ့ ကလောင်ရှင်များစွာ အမှတ်တရ ရေးသားကြပါတယ်။ မိုးမခရဲ့ ဝိုင်းတော်သားတွေ အဲသည်တုန်းက ဘယ်သူတွေ ပါခဲ့တယ်။ ကွယ်လွန်ခဲ့ကြတယ်။ ဆက်လက် ရှင်သန်နေကြတယ် ဆိုတာကိုလည်း ပြန်ပြောင်း ကြည့်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်နဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် ထုတ်ဝေမှုလည်း ဖြစ်ပါတယ်။