Your Cart
Loading

Moe Zaw Oo - Honoring U Win Tin 94 Year, e-Book

On Sale
$2.99
$2.99
Added to cart

ဦးဝင်းတင် ၉၄နှစ် အမှတ်တရအဖြစ် မိုးဇော်ဦး၏ ဆောင်းပါးစာအုပ် မိုးမခကထုတ်ဝေ

(မိုးမခ) မတ် ၁၀၊ ၂၀၂၃


ကွယ်လွန်သွားပြီဖြစ်တဲ့ ဟံသာ၀တီဦးဝင်းတင်၏ မတ်လ ၁၂ ရက်နေ့မှာ ကျရောက်မည့် ၉၄ နှစ်ပြည့်မွေးနေ့ အမှတ်တရ ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် စာရေးသူ မိုးဇော်ဦးက စာအုပ်တအုပ်ထုတ်ဝေလိုက်ပါတယ်။ “ဦးဝင်းတင် သို့မဟုတ် အရေးတော်ပုံ ကျားရဲ၏ အန္တိဒဏ္ဍာရီ” အမည်နဲ့ သူနဲ့ ဦးဝင်းတင် ကြုံဆုံခဲ့ရသမျှ အကြောင်းအရာများ စုစည်းမှတ်တမ်းပြုစုထားတဲ့ ဆောင်းပါးများ စုစည်းမှု ဖြစ်ပါတယ်။



NLD ပါတီစတင်ထူထောင်စဉ် သူ မြင်တွေ့ခဲ့ရသည့် အရေးတော်ပုံထဲက ဆရာဦးဝင်းတင်၊ အင်းစိန်ထောင်အတွင်း ၄ နှစ်တာ အတူဖြတ်သန်းခဲ့ရစဉ်က တွေ့ကြုံရတဲ့ ကျားရဲတကောင်လို ဦးဝင်းတင် နဲ့ ဆရာဘ၀ဖြတ်သန်းမှု မှတ်သားမိသမျှ အန္တိဒဏ္ဍာရီ ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ဆောင်းပါးများကို စုစည်းထားပါတယ်။ ပြည်တွင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ထုတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စစ်မိစ္ဆာဂြိုဟ်ဆိုးကြောင့် မထုတ်ဖြစ်ခဲ့ဘဲ ယခု ပြည်ပမှာ မိုးမခမီဒီယာကနေ ထုတ်ဝေဖြစ်ခဲ့ပါပြီ။


(ဦး) မိုးဇော်ဦးဟာ NLD ပါတီ စတင်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀-၁၉၉၉ မှာ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၎င်းနောက် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး NLD ပါတီ၊ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရုံးအဖွဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခု နွေဦးတော်လှန်ရေးမှာ NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးတာဝန် ယူထားပါတယ်။

You will get a PDF (357MB) file