Your Cart
Loading

မိုးမခပုံနှိပ်မဂ္ဂဇင်း (စက်၊ အောက်၊ နို၊ ဒီ - ၂၀၂၀) e-Book 2.99$

On Sale
$2.99
Pay what you want: (minimum $2.99)
$
Added to cart

စက်တင်ဘာ - ဒီဇင်ဘာ၂၀၂၀ အတွက် မိုးမခမဂ္ဂဇင်းတအုပ် ထုတ်ပြီ


(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၀


၂၀၁၉ ခုနှစ်တုန်းက ၃လတကြိမ် ထုတ်မယ်လို့ အားခဲခဲ့ပြီး ၂၀၂၀ နှစ်ဆန်းမှာ ၂၀၁၉အတွက် နောက်ဆုံးမဂ္ဂဇင်း ထုတ်ခဲ့ပါတယ်။ ၂၀၂၀ မတ်လမှာ နောက်တအုပ်ထုတ်ဖို့ ဟန်ပြင်ထားပေမယ့် ကိုဗစ်ကာလအတွင်း ဝင်ရောက်ခဲ့လို့ ဆိုင်းထားရပြန်ပါတယ်။ သည်လိုနဲ့ ဇွန် ဇူလိုင်မှာ ထုတ်မယ်လို့ ပြင်ထားသော်လည်း အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ထွက်မလာပြန်ပါဘူး။ နောက်ဆုံး ကိုဗစ်ရန်အေးလောက်ပြီ ထင်လို့ စက်တင်ဘာမှာ ထုတ်ကြစို့ဆိုပြီး ဝိုင်းကြပြန်ရာမှာ ကိုဗစ်ကလည်း ဒုတိယလှိုင်းတက်ချိန်နဲ့ ကြုံရပြန်ပါတယ်။


ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်အတွက် မိုးမခမဂ္ဂဇင်းကတော့ အနည်းဆုံး တအုပ်တော့ ထွက်ဖြစ်ပါပြီ။ အချင်းချင်းတွေကတော့ အပြင်းအထန်ဂုဏ်ယူကြပေမယ့် တစိမ်းတွေကတော့ မျက်မှောင်ကြုပ်ကြပါလိမ့်မယ်။ မဂ္ဂဇင်းတစောင်ထုတ်တာ အဲသလောက်တောင် ကြန့်ကြာ နှောင့်နှေးရသလား ဆိုပြီးတော့ပေါ့လေ။ နှေးကွေးတဲ့ စံချိန်က မဂ္ဂဇင်းတင်မှ မဟုတ်ပါဘူး၊ အွန်လိုင်းလည်း နှေးလာတယ်လို့ တဆက်တည်း ဝန်ခံလိုက်ပါဦးမယ်။


မိုးမခက အွန်လိုင်းမှာ နေ့စဉ် ဆောင်းပါး အနည်းဆုံး ၂ ပုဒ် ၃ ပုဒ် တင်နိုင်အောင် အစွမ်းကုန် ကြိုးစားရပါတယ်။ အရင်တုန်းကတော့ တနေ့ကို ၁၀ ပုဒ် တင်ခဲ့တဲ့ကာလတွေ ရှိခဲ့ပြီး နောက်တော့ အနည်းဆုံး ၅ ပုဒ်ဆို မဆိုးပါဘူးလို့ ဖြေခဲ့ရာကနေ အခုတော့ တနေ့ ၂ ပုဒ် ၃ ပုဒ် အနိုင်နိုင်ပါ။ သို့သော်လည်း တင်တဲ့စာ ဖတ်ရတဲ့ဆီမှာ ထိုက်ထိုက်တန်တန်ဖြစ်ရစေမယ်လို့ ခုချိန်ထိ အာမခံဆဲဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အသွေးကို စျေးမလျော့သေးတာ မိုးမခမီဒီယာ ဖြစ်ပါတယ်။

You will get a PDF (81MB) file