Remembering Tin Moe by Maung Swan Yi - e-Book
သူငယ်ချင်းတင်မိုး - မောင်စွမ်းရည် (မိုးမခဆောင်းပါးများ)
ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုးရဲ့ အကြောင်းတွေကို ကဗျာဆရာကြီး မောင်စွမ်းရည် ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတဲ့ သူငယ်ချင်းတင်မိုး စာအုပ်
ဆရာကြီး တင်မိုးနဲ့ မောင်စွမ်းရည်တို့ဟာ တတွဲတွဲ ဖြစ်ခဲ့ကြတဲ့ မိတ်ဆွေ ရဲဘော်ရဲဘက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် အူမချေးခါးမကျန် သိကြတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်ကြပါတယ်။ ဆရာကြီး တင်မိုး ကွယ်လွန်တဲ့အချိန်မှာ သူ့အကြောင်းတွေကို ဆရာမောင်စွမ်းရည် ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာဆိုရင် ဆရာကြီးတင်မိုးရဲ့ ဇာတိရွာ အကြောင်း၊ ဂီတကို ဝါသနာထုံပုံ၊ ရေစကြိုကျောင်းသားခေါင်းဆောင် အဖြစ် လှုပ်ရှားခဲ့စဉ်က၊ မန္တလေးတက္ကသိုလ် ကျောင်းသားဘ၀၊ လူမသိ သူမသိ ဖြစ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်အကြောင်း၊ ဆရာကြီးတင်မိုး ထုတ်ဝေသူ လုပ်ခဲ့ပုံ၊ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်အပေါ် ဆရာကြီးတင်မိုး ဝေဖန်ခဲ့ပုံ၊ ဆရာကြီးတင်မိုးရဲ့ ကျန်းမာရေး ဆိုးရွာလာပုံနဲ့ နောက်ဆုံးနေ့တွေ အကြောင်း စတဲ့ အကြောင်းအရာတွေကို ဆရာမောင်စွမ်းရည်က ပုံဖော်ရေးသားထားတာပဲ ဖြစ်ပါတယ်။